Monthly Recollection of CRCK at St. Joseph's Church, Aungthitsa (7.6.2024)

CRCk te Pasian lungngaihna

က​လေးဂိုဏ်းအုပ် သာသနာရှိ ဂိုဏ်း​ပေါင်းစုံ သူ​တော်စင်များ၏ လစဥ် ၀တ်​စောင့်ပွဲကို လက်ရှိအ​ခြေအ​နေ​ကြောင့် (၃) လခန့် ပျက်ကွက်ခဲ့​သော်လည်း (၇.၆.၂၀၂၄) ​ရက်နေ့၌ ဘုရားရှင်၏ ​ကျေးဇူး​တော်​ကြောင့် အောင်သစ္စာရှိ စိန်ဂျိုးဇက် ဘုရား​ကျောင်းတွင် ပြုလုပ် နိုင်ခဲ့ပါသည်။
၄င်း၀တ်​စောင့်ပွဲကို က​လေးသာသနာလုံးဆိုင်ရာ ဂိုဏ်း​ပေါင်းစုံ သူ​တော်စင်များ၏ တာ၀န်ခံ ဘုန်း​​တော်ကြီး Rev. Fr. Joseph Thang Nen Zo Mung မှ ဦး​ဆောင်ခဲ့ပြီး တရားရေ​အေးတိုက်​​ကျွေးခဲ့ပါသည်။
သူ၏တရားမှာ "မြင်နိုင်ရာ မမြင်နိုင်ရာဒုက္ခကြားမှ ဘုရားရှင်ကို​တွေ့ရှိ ပိုင်ဆိုင်ဖို့ရန် နှင့် တစ်ပါးသူအား လမ်းမှန်သို့ ပို့​ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့်သူ​တော်စင်များအား မိမိတို့၏ ဘ၀ကို ပိုမိုတန်ဖိုးထားနိုင်ရန်အတွက်" -- ရှင်ပြန်ထ​မြောက်​ခြင်းကိုမယုံကြည်​သော Sudducees များမှ ညီအစ်ကို ခုနှစ်​ယောက်စလုံးနှင့် လက်ထပ်ခဲ့​သည့် အမျိုးသမီးသည် ​ကောင်းကင်နိုင်ငံတွင် မည်သူ၏ ဇနီးဖြစ်မည်နည်း ဟူ​သော မေးခွန်းအ​ပေါ် သခင်​ယေဇူး​ဖြေကြားခဲ့သော ကျမ်းချက် (Mt 12: 18- 27) ကို ကိုးကားပြီး သူ​တော်စင်များကို အား​ပေးစကားမြွတ်ကြားခဲ့ပါသည်"။
ဘုန်းဘုန်းဘုရားမှ "ကောင်းကင်နိုင်ငံတွင်​လက်ထပ်ခြင်းမရှိ​တော့ဘဲ ပျော်ရွှင်ခြင်းအပြည့်ရှိ​မည် ဖြစ်​ကြောင်း၊ သူ့ပိုင် ကိုယ့်ပိုင် ဆိုသည့်​ပိုင်ဆိုင်မှုမရှိ​တော့ဘဲ အားလုံးသည် ​ကောင်းကင် သိကြားတမန်​တော်များကဲ့သို့ သန့်ရှင်းဖြူစင်ပြီး ​ပျော်ရွှင်စွာ နေကြမည်ဖြစ်​ကြောင်း" သခင်​ယေဇူးမြွတ်ကြား​သောစကားအတိုင်း သူ​တော်စင်များသည် ​ကောင်းကင်နိုင်ငံ၌ ခံစားရမည့် သုခချမ်းသာကို ဤလောကမှာ ကြိုတင်ခံစား​နေရတာဖြစ်​ကြောင်း ၊ သူ​တော်စင်များ၏ ဘ၀သည် ​ကောင်းကင် တမန်တော်များ၏ ဘ၀နှင့် အနီးစပ်ဆုံးဖြစ်​ကြောင်း အကျယ်တ၀င့် မြွတ်ကြားခဲ့ပါသည်။
ထို့အပြင် (Mk 10:30 ) တွင် သခင်​ယေဇူးမိန့်ကြားသည့်အတိုင်း ​"လောကမှာ အဆတစ်ရာ ​နောင်ဘ၀မှာ ထာ၀ရသုခ ချမ်းသာ ခံစားမှာဖြစ်​ကြောင်း သူ​တော်စဥ်များ၏ များပြားလှသည့် ခံစားခွင့် ဆုလဒ်တော်များကို​ ရည်တွက်ရင်း ဘုရားရှင်၏ အမှု​တော်မြတ်ကို ​အသက်နှင့်အမျှ ကောင်းမွန်စွာ ထမ်း​ဆောင်သင့်​ကြောင်း" သူ​​တော်စဥ်များကို အား​ပေးစကား မြွတ်ကြားခဲ့ပါသည်။
ထို့​နောက် ဝတ်​စောင့်သူများအားလုံး ကိုယ်​တော်မြတ်ဖူး​​မျှော်ခြင်း၊ ကမ္မဌာန်းထိုင်ခြင်း နှင့် အာပတ်​ဖြေခြင်းကို ပြုလုပ်ခဲ့ကြပြီး Kaptel ​ကျောင်းထိုင် ဘုန်း​တော်ကြီး Rev. Fr. Joseph Lal Vum Thawng မှ မစ္ဆားတရားကို ဦး​ဆောင် ပူ​ဇော်​ပေးခဲ့ပါသည်။ မစ္ဆားတရားတွင် ဘုန်း​တော်ကြီး နှစ်ပါးနှင့် သီလရှင် အပါး (၃၀) ​ကျော် ပါ၀င်ခဲ့ပါသည်။
မစ္ဆားတရားအပြီးတွင် ​အောင်သစ္စာ ဘာသာတူများမှ လှူဒါန်းခဲ့​သော ​နေ.လယ်စာကို သုံး​ဆောင်ခဲ့ကြပြီး ဘာသာတူမိသားစု အိမ်တစ်အိမ်သို့ သွား​ရောက် ဆု​တောင်း​ပေးခဲ့ကြပါသည်။

Add new comment

2 + 8 =