Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Monthly Recollection of CRCK at St. Joseph's Church, Aungthitsa (7.6.2024)
ကလေးဂိုဏ်းအုပ် သာသနာရှိ ဂိုဏ်းပေါင်းစုံ သူတော်စင်များ၏ လစဥ် ၀တ်စောင့်ပွဲကို လက်ရှိအခြေအနေကြောင့် (၃) လခန့် ပျက်ကွက်ခဲ့သော်လည်း (၇.၆.၂၀၂၄) ရက်နေ့၌ ဘုရားရှင်၏ ကျေးဇူးတော်ကြောင့် အောင်သစ္စာရှိ စိန်ဂျိုးဇက် ဘုရားကျောင်းတွင် ပြုလုပ် နိုင်ခဲ့ပါသည်။
၄င်း၀တ်စောင့်ပွဲကို ကလေးသာသနာလုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သူတော်စင်များ၏ တာ၀န်ခံ ဘုန်းတော်ကြီး Rev. Fr. Joseph Thang Nen Zo Mung မှ ဦးဆောင်ခဲ့ပြီး တရားရေအေးတိုက်ကျွေးခဲ့ပါသည်။
သူ၏တရားမှာ "မြင်နိုင်ရာ မမြင်နိုင်ရာဒုက္ခကြားမှ ဘုရားရှင်ကိုတွေ့ရှိ ပိုင်ဆိုင်ဖို့ရန် နှင့် တစ်ပါးသူအား လမ်းမှန်သို့ ပို့ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့်သူတော်စင်များအား မိမိတို့၏ ဘ၀ကို ပိုမိုတန်ဖိုးထားနိုင်ရန်အတွက်" -- ရှင်ပြန်ထမြောက်ခြင်းကိုမယုံကြည်သော Sudducees များမှ ညီအစ်ကို ခုနှစ်ယောက်စလုံးနှင့် လက်ထပ်ခဲ့သည့် အမျိုးသမီးသည် ကောင်းကင်နိုင်ငံတွင် မည်သူ၏ ဇနီးဖြစ်မည်နည်း ဟူသော မေးခွန်းအပေါ် သခင်ယေဇူးဖြေကြားခဲ့သော ကျမ်းချက် (Mt 12: 18- 27) ကို ကိုးကားပြီး သူတော်စင်များကို အားပေးစကားမြွတ်ကြားခဲ့ပါသည်"။
ဘုန်းဘုန်းဘုရားမှ "ကောင်းကင်နိုင်ငံတွင်လက်ထပ်ခြင်းမရှိတော့ဘဲ ပျော်ရွှင်ခြင်းအပြည့်ရှိမည် ဖြစ်ကြောင်း၊ သူ့ပိုင် ကိုယ့်ပိုင် ဆိုသည့်ပိုင်ဆိုင်မှုမရှိတော့ဘဲ အားလုံးသည် ကောင်းကင် သိကြားတမန်တော်များကဲ့သို့ သန့်ရှင်းဖြူစင်ပြီး ပျော်ရွှင်စွာ နေကြမည်ဖြစ်ကြောင်း" သခင်ယေဇူးမြွတ်ကြားသောစကားအတိုင်း သူတော်စင်များသည် ကောင်းကင်နိုင်ငံ၌ ခံစားရမည့် သုခချမ်းသာကို ဤလောကမှာ ကြိုတင်ခံစားနေရတာဖြစ်ကြောင်း ၊ သူတော်စင်များ၏ ဘ၀သည် ကောင်းကင် တမန်တော်များ၏ ဘ၀နှင့် အနီးစပ်ဆုံးဖြစ်ကြောင်း အကျယ်တ၀င့် မြွတ်ကြားခဲ့ပါသည်။
ထို့အပြင် (Mk 10:30 ) တွင် သခင်ယေဇူးမိန့်ကြားသည့်အတိုင်း "လောကမှာ အဆတစ်ရာ နောင်ဘ၀မှာ ထာ၀ရသုခ ချမ်းသာ ခံစားမှာဖြစ်ကြောင်း သူတော်စဥ်များ၏ များပြားလှသည့် ခံစားခွင့် ဆုလဒ်တော်များကို ရည်တွက်ရင်း ဘုရားရှင်၏ အမှုတော်မြတ်ကို အသက်နှင့်အမျှ ကောင်းမွန်စွာ ထမ်းဆောင်သင့်ကြောင်း" သူတော်စဥ်များကို အားပေးစကား မြွတ်ကြားခဲ့ပါသည်။
ထို့နောက် ဝတ်စောင့်သူများအားလုံး ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၊ ကမ္မဌာန်းထိုင်ခြင်း နှင့် အာပတ်ဖြေခြင်းကို ပြုလုပ်ခဲ့ကြပြီး Kaptel ကျောင်းထိုင် ဘုန်းတော်ကြီး Rev. Fr. Joseph Lal Vum Thawng မှ မစ္ဆားတရားကို ဦးဆောင် ပူဇော်ပေးခဲ့ပါသည်။ မစ္ဆားတရားတွင် ဘုန်းတော်ကြီး နှစ်ပါးနှင့် သီလရှင် အပါး (၃၀) ကျော် ပါ၀င်ခဲ့ပါသည်။
မစ္ဆားတရားအပြီးတွင် အောင်သစ္စာ ဘာသာတူများမှ လှူဒါန်းခဲ့သော နေ.လယ်စာကို သုံးဆောင်ခဲ့ကြပြီး ဘာသာတူမိသားစု အိမ်တစ်အိမ်သို့ သွားရောက် ဆုတောင်းပေးခဲ့ကြပါသည်။
Add new comment