Pasian nasem St. Theresa Sister 8 ki behlap

October ni khat ni 2020 St. Theresa sister te pawi leh Sister 8 in Puan tual a ngah ni uh

စိန်ထရေဇားလမ်းစဉ်သွယ် သီလရှင် (၈) ပါးတို့၏ သင်္ကန်းဝတ်ရုံခံယူပွဲ
************************
စိန်ထရေဇား အသင်းဂိုဏ်းအား ကာကွယ်စောင့်ရှောက်တော်မူသော ရဟန္တာထရေဇား၏ပွဲနေ့ ဖြစ်သည့် အောက်တိုဘာလ တစ်ရက်နေ့ (၂၀၂၀) ခုနှစ်တွင် ကလေးသာသနာ၊ ကလေးမြို့ရှိ ပင့်ဆောင်ခြင်းခံရ မယ်တော်သခင်မ ရဟန်းဖြစ်သင်ကျောင်းတွင် စိန်ထရေဇားသီလရှင်လောင်း (၈) ပါးတို့အား စိန်ထရေဇားအသင်းဂိုဏ်း၏ စည်းမျဉ်း ဥပဒေ အတိုင်း သင်္ကန်း ၀တ်ရုံများပေးအပ်ပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါ သင်္ကန်းပေးပွဲ မစ္ဆားတရားတော်မြတ်ကို နံနက် (၆း၁၅) တွင် ကလေးသာသနာပိုင် ဆရာတော်ကြီး Felix Lian Khen Thang ဦးဆောင်ပြီး ဘုန်းတော်ကြီး (၁၀) ပါးနှင့်အတူ စတင် ပူဇော်ခဲ့ပါသည်။ မစ္ဆားတရား မစခင်မှာမူ သင်္ကန်းဝတ်ရုံ ခံယူမည့် သီလရှင်လောင်းများသည် မိမိတို့၏မတူညီသော ရိုးရား ၀တ်စုံလေးများ ၀တ်ဆင်ကာ မစ္ဆားတရားတွင်ပါဝင်ခဲ့ကြသည်။ မစ္ဆားတရားအတွင်း ဆရာတော်ဘုရားမှသြ၀ါဒ မြွတ်ကြားပြီနောက် သီလရှင်လောင်းများသည် ဘုရားစင်ရှေ့သို့ ကြွတော်မူပြီး ဆရာတော်ဘုရား ကောင်းကြီးပေးထားသော သင်္ကန်း ၀တ်ရုံတော် များကို မိမိတို့ဂိုဏ်း၏ အကြီးအကဲ Sr. Maria Van Nei Kim ၏လက်တော်မှ လက်ခံရရှိခဲ့ပါသည်။ ထို့နောက် သီလရှင်လောင်းများသည် ဘုရားကျောင်း အပြင်ဘက်သို့ ခဏထွက်ခွာလျက် မိမိတို့၏ ရိုးရားဝတ်ဆောင်များ အစား အသင်းဂိုဏ်းမှ ရရှိထားသော သင်္ကန်းဝတ်ရုံတော်များကိုသာ ၀တ်ဆင်ပြီး ဘုရားကျောင်းထဲသို့ ပြန်ဝင်ကာ ဘုရားရှေ့ လူရှေ့မျက်မှောက်တွင် အသင်းဂိုဏ်း၏ စည်းမျဉ်း ဥပဒေအတိုင်း ပထမအဆင့် ကတိသစ္စာပြုခဲ့ကြပါသည်။ ၄င်းကတိသစ္စာပြုခြင်းပြီးသွားသောအခါ သီလရှင်လောင်း (၈) ပါးတို့အား သီလရှင်ဂိုဏ်း အကြီးအကဲမှ သီလရှင်အဖြစ် ကြိုဆိုလက်ခံကြောင်း ကြေညာခဲ့ပါသည်။ ထို့နောက် မစ္ဆားတရားပူဇော်ခြင်း အခမ်းအနား ဆက်လက် ကျင်းပခဲ့ပါသည်။
သီလရှင်များသည် မိမိတို့၏ ရိုးရာဝတ်စုံများကို မ၀တ်တော့ပဲ သင်္ကန်းဝတ်ရုံတော်များ ကိုသာ ၀တ်ဆင်ရခြင်း၏အကြောင်းရင်းမှာ သီလရှင်များသည် မိမိတို့၏ ဆွေမျိုး၊ မိသားစု များက မပိုင်တော့ပဲ ဘုရားသခင် နှင့် အမိအသင်းတော်ကသာ ပိုင်ဆိုင်ကြောင်း ပြသခြင်း ဖြစ်သလို သီလရှင်များမှာလည်း မိမိတို့လူမျိုး၊ ဆွေမျိုးအတွက်သာ အလုပ်လုပ်ဖို့ရန် မဟုတ်တော့ပဲ လူမျိုးမရွေး၊ဘာသာမရွေး လူသားအားလုံး၏ ကယ်တင်ခြင်းလုပ်ငန်းအတွက် တန်းတူ ညီတူ လုပ်ဆောင် ဖို့ရန်တာဝန်ရှိကြောင်း ပြသခြင်းလည်းဖြစ်ပါသည်။
ယနေ့ သင်္ကန်းရ ပထမသစ္စာခံယူခဲ့သော သီလရှင်သစ်များမှာ
1.Sr. Lucia Win Kyi (ဟားခါးသာသနာ၊ မတူပီစီရင်စု၊ စံတပ်ရွာ)
2. Sr. Marchellina Naw Ei Thi Zar May (တောင်ငူသာသနာ၊ မြသာကုန်းစီရင်စု ၊ မြသာကုန်းရွာ)
3. Sr. Maria Lun Ho Nuam (ကလေးသာသနာ၊ တွီးထန်စီရင်စု၊ တွီးထန်ရွာ)
4. Sr. Maria Goretti Mung San Cing (ကလေးသာသနာ၊လိုင်တွီးစီရင်စု၊ လိုင်တွီးရွာ)
5. Sr. Rosa Nuam Siang Dim (ဟားခါးသာသနာ၊ ဖလမ်းစီရင်စု၊ ဖလမ်းမြို့)
6. Sr. Theresa Cing Lam Dim (ကလေးသာသနာ၊ မွာလ်ဘင်းစီရင်စု၊ မွာလ်ဘင်းရွာ)
7. Sr. Maria Goretti Hau Lawm Kim (ကလေးသာသနာ၊လိုင်တွီးစီရင်စု၊ လိုင်တွီးရွာ)
8. Sr. Theresa Naw Li Kham (တောင်ငူသာသနာ၊ သံမိုးတောင်စီရင်စု၊ တောင်ဇလဲရွာ) စသည်တို့ဖြစ်ကြသည်။
ယနေ့ သင်္ကန်းဝတ်ရုံခံယူပြီး ပထမကတိသစ္စာခံယူသော သီလရှင်များ၏ ခေါ်တော်မူခြင်း ဆက်လက်တည်တံ့ ခိုင်မြဲနိုင်ရန်အတွက် ၀ိုင်းဝန်းဆုတောင်းပေး ကြပါစို့။
#RVATedimchinservice#News, #RVA, #Religious, #St.Theresa's,

Add new comment

12 + 6 =