Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Golden Jubilee of the Arrival of Franciscan Missionaries of Mary (FMM) at Tedim Myo, Kalay Diocese (May 8, 2021)
FMM သီလရှင်များ ကလေးသာသနာ တီးတိန်မြို့သို့ ရောက်ရှိတာနှစ် (၅၀)ပြည့် ဂျူဗလီ မစ္ဆားတရားတော်မြတ်ကို ကလေးသာသနာပိုင် ဆရာတော်ကြီး Bishop Felix Lian Khen Thang ဦးဆောင်ပြီး မေလ ၈ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ပင့်ဆောင်ခြင်းခံရ မယ်တော်သခင်မ ဘုရားကျောင်းတော်ကြီးတွင် ကျင်းပခဲ့ပါသည်။
မစ္ဆားတရားအတွင်း ကိုယ်တော်မြတ်နှင့်ဆရာတော်ကြီး၏ ရှေ့မှောက်တွင် သီလရှင်များမှ (Renewal of Vows)ပြန်လည်ကတိ သစ္စာပြုကြသည်။
မစ္ဆားတရားအပြီးတွင် တာ၀န်ခံ စစ္စတာရ်ကြီးမှ နှစ် (၅၀) အတွင်းရရှိခံစားရသည့် ကျေးဇူးတော်များအတွက် အဖခမည်းတော်ထံ၌လည်းကောင်၊ ကြွရောက်လာသည့် ဆရာတော်ဘုရားနှင့်တကွ၊ ဘုန်းတော်ကြီးများနှင့် ဘာသာတူများထံသို့ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကိုဗစ်ကာလအတွင်း အခြေအနေအရ ကျင်းပရသည့်ပွဲ ဖြစ်သည့်အတွက်ကြောင့်မို့ ဧည့်ခံကျွေးမွေးခြင်း မရှိတော့ပဲ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ ဂျူဗလီပွဲ အောင်မြင်စွာ ကျင်းပခဲ့သည်။
Add new comment