Farewell & Welcome to the Directors of Catholic Religious Conference of Kalay Diocese (CRCK) on March 3, 2023

Farewell & Welcome to the Directors of Catholic Religious Conference of Kalay Diocese (CRCK) on March 3, 2023

ကလေးသာသနာရှိ ဂိုဏ်းပေါင်းစုံ သူတော်စင် (CRCK) များ၏ ၀တျစောင့်ခြင်း နှင့် တာ၀န်ခံ ဘုန်းတော်ကြီး အဟောင်းနှင့် အသစ်တို့အား နုတ်ဆက်ပွဲ နှင့် ကြိုဆိုပွဲ ကို ကလေးမြို့ Maryland ရှိ Mary Help of Christian သီလရှင် ကျောင်းတွင် (၃.၃.၂၀၂၃) နေ့ကျင်းပခဲ့ပါသည်။

၄င်း ၀တျစောင့်ပွဲကို ကိုယ်တော်မြတ် ဖူးမြော်ခြင်း နှင့် စတင်ပြီး Rev. Fr. Joseph Pau Kap Mung မှ တရားရေအေးတိုက်ကျွေး ခဲ့ပါသည်။

ထို့နောက် အာပတ်ဖြေခြင်း ၊ အတူတကွ စိတ်ပုတီးစိတ်ခြင်း နှင့် မစ္ဆားတရားပူဇော်ခြင်းများ ပြုလုပ်ကာ မစ္ဆားတရားတော်မြတ်ကို ဆလေးရှင်းဂိုဏ်းမှ ဘုန်းတော်ကြီး Rev. Fr. Lucus Ma Naw ဦးဆောင်ပြီး ဘုန်းတော်ကြီး လေးပါးမှ ပူဇော်ပေးခဲ့ပါသည်။

နေ့လည်စာသုံးဆောင်ပြီးမှ လက်ရှိတာ၀န်ခံဘုန်းတော်ကြီး Rev. Fr. Joseph Pau Kap Mung အား နုတ်ဆက်ပွဲနှင့် တာ၀န်ခံ အသစ် Rev. Fr. Joseph Thang Nen Zo Mung အားကြိုဆိုပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။

၄င်း အခမ်းအနားတွင် CRCK တာ၀န်ခံ အဖြစ်အ အနားယူတော့မည်ဖြစ်သော ဘုန်းတော်ကြီး Rev. Fr. Joseph Pau Kap Mung အား သီချင်းတစ်ပုဒ် နှင့် နှုတ်ဆက်ခဲ့ပါသည်။ ထို့နောက်အားလုံး ကိုယ်စား Sr. Magaret Nuampi SJA, မှ ဘုန်းတော်ကြီး၏ ကောင်းသောလုပ်ဆောင်ချက်ကို ပြန်လည်ပြောပြကာ ရင်တွင်းဖြစ်ကျေးဇူးတင်စကားများ ပြောကြားပြီး ရှေ့ဆက်ဘ၀မှာလည်း CRCK အဖွဲ့များကို မထားခဲ့ဘဲ အမြဲတမ်း လက်တွဲ ကူညီ ပံ့ပိုးဖို့ရန် အကူအညီ တောင်းခံခဲ့ပါသည်။ ထို့နောက် အမှတ်တရ လက်ဆောင်ပစ္စည်း များ ဆက်သ ခဲ့ကြပါသည်။

Rev. Fr. Joseph Pau Kap Mung မှ Farewell နုတ်ဆက်ပွဲကျင်းပပြီး လက်ဆောင်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း၊ သူနှင့်လက်တွဲ့သည့်ကာလအတွင်း သူအတတ်နိုင်ဆုံးကြိုးစားခဲ့ကြောင်း၊ သူအသက်အရွယ်အရ အနားယူတော့မှာဖြစ်ကြောင်း၊အတတ်နိုင်ဆုံး ဆက်လက်ကူညီမည့်အကြောင်း နှင့် CRCK များ၏ လှုပ်ရှားမှု အားနည်းနေသေးတယ်လို့ တွေ့မြင်ရသည့် အကြောင်း စသည်များ ပြောကြားခဲ့ပါသည်။

ထို့နောက် အစီအစဥ်အရ တာ၀န်ခံအသစ် Rev. Fr. Joseph Thang Nen Zo Mung အား ကြိုဆိုခြင်း သီချင်းတစ်ပုဒ် သီဆိုရင်း ပန်းစည်းလက်ဆောင်ပေးခဲ့ပါသည်။ ထို့နောက် အဖွဲ့အစည်း၏ ဥက္ကဌ ဖြစ်သော ဆလေးရှင်းဂိုဏ်းမှ Rev. Fr. Lucus Ma Naw မှ ကြိုဆိုစကားပြောကြားပြီး CRCK အဖွဲ့၏ လှုပ်ရှားမှုများ တင်ပြရင်း လက်ရှိတာ၀န်ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များနှင့် လုပ်ငန်းတာ၀န်များ တာ၀န်ခံ ဘုန်းတော်ကြီးအသစ်အား မိတ်ဆက်ပေးခဲ့ပါသည်။

Rev. Fr. Joseph Thang Nen Zo Mung မှ မိမိအားကောင်းမွန်စွာကြိုဆိုသည့်အတွက် ၀မျးသာကြောင်း ၊ လက်ရှိ ပုပ်ရဟန်းမင်းကြီး၏ ရည်ရွယ်ချက် Synod on Synodality အတိုင်း အမိအသင်းတော်ကြီး Synodal Church ဖြစ်ဖို့ Religious များအရေးပါကြောင်း ၊ ခုဏကြိုဆိုခြင်းသီချင်းဆိုသည့် အချိန်မှာ အစပိုင်း သိပ်မညီညွှတ် သော်လည်း တဖြည်းဖြည်းပိုကောင်းလာ သလိုပဲ သူနဲ့လက်တွဲသည့်အချိန်မှာ အစပိုင်းမကောင်းရင်တောင်မှ တဖြည်းဖြည်း ပိုကောင်းလာဖို့ အရေးကြီးကြောင်း နှင့် ကလေးသာသနာ နှင့် အမိအသင်းတော်ကြီး အလှဆင်ဖို့ CRCK များ၏ တာ၀န်ဖြစ်ကြောင်း ပြောကြားရင်း သူနှင့် လက်တွဲပြီး လုပ်ဆောင်ရမည့် လုပ်ငန်းတိုင်းတွင် တစ်ယောက်မကျန် စည်းလုံးခြင်းနှင့် တက်ကြွစွာဖြင့် ပါ၀င်ကြဖို့ ဖိတ်ခေါ်ခဲ့ပါသည်။

ထို့နောက် ဘုန်းတော်ကြီးများမှ ကောင်းကြီးပေးပြီး အဖွဲ့သူ/သားများအားလုံး မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခြင်းဖြင့် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

ကလေးသာသနာ တွင်ရှိတာ၀န်ထမ်းဆောင်နေသော Religious များမှာ
1. Don Bosco Selestian Community
2. Franciscan Missionaries of Mary (FMM)
3. Sisters of St. Joseph of the Apparition (SJA)
4. Little Way Sisters of St. Theresa (LWST)
5. Franciscan Sisters of St. Aloysius Gonzaga (FSGA)
6. Congregation of Mother of Sorrows, Servants of Mary (Servite Sisters)
7. Congregation of Missionary Sisters of Mary Help of Christians (MSMHC)
8. Benedictine Sisters
9. Congregation of the Handmaids of the Sacred Heart of Jesus (HSHJ)
10. Congregation of Clarist Franciscan Missionaries of the Most Blessed Sacrament ( CFMMBS) စသည်တို့ဖြစ်သည်။
By- Sr. Margaret Nuampi (SJA)

Add new comment

1 + 3 =