Covid-19 Response Committee, Kalaymyo pan itna letsong

Kalaymyo sunga om Covid-19 Natna lungno ngah loh nangin kidalna ding leh a ngah te tungah huhna a pia nasem te in Kalay Diocese Centre, Kawlpi a om Siadaw Huang ah Pawlpi tuam tuam te itna letsong piak na. Hih natna angah pen Zomi te vive ih hih hangin huhna a pia pen Kawlte vive hi-in thupi mah mah hi. ကလေးမြို့နယ် (Covid-19) ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ မှ ကုသိုလ်ပြု ကလေးမြို့နယ် (Covid-19) ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီများ ဖြစ်ကြသော ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို ၊ ကလေးမြို့ သာသနာဦးစီးမှူး ဦး​ကျော်မင်းနိုင် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး ၊ မြို့မိမြို့ဖ ဦးစိုး နှင့် အဖွဲ့တို့သည် ကလေးမြို့ရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ ၊ အစ္စလမ်ဘာသာ ၊ တရုတ်ဘုံကျောင်း ဘုန်းတော်ကြီးများ နှင့် ရှောင်စောင်းဘာသာ စသော ဘာသာများမှ ကိုယ်စားလှယ် နှစ်ဦးစီ ဖိတ်ကြားကာ မေလ (၂၅) ရက်နေ့ နေ့လည် (၁း၀၀) နာရီခန့်တွင် ကလေးမြို့ရှိ ကက်သလစ်ဆရာတော်ကြီး ကျောင်းတိုက်တွင် အခမ်းအနားပြုလုပ်ပြီး (Covid-19) ကပ်ရောဂါမှ ကာကွယ်ဖို့ရန် အများပြည်သူများမှ လှူဒါန်းထားသော အလှူငွေများမှ ထပ်ဆင့်ကုသိုလ်ပြုကာ မေတ္တာလက်ဆောင်အဖြစ် အမှတ်တရလက်ဆောင်ခြင်းများကို အပ်နှင်းခြင်း ပြုလုပ်ခဲ့ကြပါသည်။ ၄င်းအခမ်းအနားတွင် ရိုမင်ကက်သလစ်သာသနာတော်နှင့် ခရစ်ယာန်အမည်ခံ အခြားသော ခရစ်ယာန်ဂိုဏ်းကွဲအသင်းစုစုပေါင်း (၁၃) မျိုးပါဝင်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အထက်ပါဖော်ပြခဲ့သော (Covid-19) ကပ်ရောဂါ ထိန်းချုပ် ကုသရေးကော်မတီဝင်တစ်ဦးချင်းစီမှ မိမိတို့၏ လုပ်ငန်းများနှင့် ရင်တွင်းဖြစ် စကားများ ပြောကြားခဲ့ကြရာ သူတို့သည် ပြည်သူလူထုများ၏ စည်းလုံး ညီညွှတ်ခြင်းကြောင့် (Home Quarantine) များအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ယခုကဲ့သို့ þကပ်ရောဂါကြီးကူးစက်ခြင်းမှ ထိန်းချုပ်နိင်တာဖြစ်ကြောင်း၊ ဒီကပ်ရောဂါကြောင့် ဒုက္ခရောက်နေသော အိမ်ထောင်စုပေါင်း (၇၅၀၀)ကို ဆန်နှင့်ပစ္စည်းငါးမျိုး ထောက်ပံ့ ပြီးမှ အားလုံး၏ပူးပေါင်းဆောင်ရွက်မှု နှင့် စည်းလုံးညီညွှတ်မှုကို ကော်မတီများမှ အသိအမှတ်ပြုသည့်အနေဖြင့် ဘာသာရေးခေါင်းဆောင်များအား မေတ္တာခြင်း လက်ဆောင်မွန်များ ပေးအပ်ခြင်း ဖြစ်ကြောင်း နှင့် အခုချိန်မှာ (Home quarantine) မလိုတော့ပဲ ပထမခြေလှမ်း အောင်မြင်ခဲ့သော်လည်း အပြင်သွားလျှင် အမြဲတမ်း (Mask) တပ်ထားဖို့ နှင့် နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော စည်းကမ်းများ စည်းလုံးညီညွှတ်စွာ ဆက်လက်လိုက်နာရင်း (Covid-19) ကူးစက်ခြင်း ရောဂါမှ ကင်းဝေးကြပါစို့ ဟူí ပြောဆိုကြပါသည်။ ထို့နောက် မေတ္တာလက်ဆောင်ရရှိသော ဘာသာအသီးသီးများ ကိုယ်စား ရိုမင်ကက်သလစ် ဘုန်းတော်ကြီး စတီးဗင့် မန်လျန်းတွောင် မှ ကျေးဇူးတင်စကား မြွတ်ကြားခဲ့ပါသည်။ ၄င်းကော်မတီ များ၏ လှုပ်ရှားမှုကို မြင်တွေ့ခြင်းအားဖြင့် စာရေးသူ ကျွန်ုပ်၏ ပြန်လည် သုံးသပ်ချက်ကို ဖော်ပြမည်ဆိုရင် ကလေးမြို့တွင် (Covid-19) ရောဂါပိုး တွေ့ရှိသော သူများနှင့် သံသယ လူနာများသည် ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင် များသာဖြစ်သော်လည်း ကူညီပံ့ပိုးပေးသော အလှူရှင်များအားလုံးနီးပါး ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်များ ဖြစ်သောကြောင့် ကလေးမြို့သည် လူမျိုး ဘာသာခွဲခြားမှုမရှိပဲ ချစ်ချစ်ခင်ခင်နှင့် စည်းလုံးညီညွှတ်စွာဖြင့်အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သော မြို့တစ်မြို့ဖြစ်ကြောင်း တွေ့ရှိကာ ၀မ်းသာပီတိဖြစ်မိပါသည်။

ဂျိုးဇက်မုန် (OSC Kalay)

#Corona, #Covid19, #KalayDiocese, #RVA,

Add new comment

5 + 4 =