Pasian nasem dingin khantawn kiciamna

The Perpetual Profession of Religious Vows by the Little Way Sisters of St. Theresa at Sts. Peter & Paul Church, Kalaymyo (2.2.2023)

စိန်ထ​ရေဇား လမ်းစဥ်သွယ်သီလရှင် (ရ) ပါးတို့၏ ရာသက်ပန် ကတိသစ္စာခံယူပွဲကို က​လေးသာသနာရှိစိန်ပီတာ နှင့် စိန်​ပေါလ်း ဘုရား​ရှိခိုးကျောင်း၊ က​လေးမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖါ်၀ါရီလ နှစ်ရက်​နေ့၌ ကျင်းပခဲ့သည်။

              ရာသက်ပန် ကတိသစ္စာပြုခဲ့သည့် သီလရှင်များမှာ

1. Sr. Cecilia Cin Lam Nieng (Kanmagyi)

2. Sr. Rosa Kii Pai (Mindat)

3. Sr. Monica Hat Kho Hling (Khumnuai)

4. Sr. Cecilia Cing Lam Zaa (Bukphir)

5. Sr. Monica Thang Mang (Hilong)

6. Sr. Esther Hlu Ghung ( Makuiimnu)

7. Sr. Laetitia Htwe Htwe Nyunt (Than Moe Taung) တို့ဖြစ်ကြသည်။

             မစ္ဆားတရား​တော်မြတ်ကို က​လေးသာသနာပိုင် ဆရာ​တော်ကြီး His Excellency Bishop Felix Lian Khen Thang မှ ဦး​ဆောင်ပြီး ဟားခါးသာသနာပိုင် ဆရာ​တော်ကြီး His Excellency Bishop Lucius Hre Kung မှ သြ၀ါဒ မြွတ်ကြား​တော်မူခဲ့သည်။

         ဆရာ​တော်ကြီး Lucius သည် သူ၏ သြ၀ါဒ တွင် ​"အခု​ခေတ်ဟာ ​ခေတ်​ပေါ်စကားနှင့်​ပြောမယ်ဆိုရင် Selfie ​ခေတ်ဖြစ်ပါတယ်။ Online မှာကြည့်မယ်ဆိုရင် မိမိပုံကို ​ရှေ့တန်းတင်ပြီး ကျန်တဲ့ အရာများ ဘယ်​လောက်ပဲ ​​ကောင်း​​နေပါ​စေ နောက်ခံအ​နေနှင့်ပဲ ထားရတဲ့​ခေတ် ဖြစ်​နေတယ်။ 

             ဒါဟာသူ​တော်စဥ်​ဘောင်သို့ ​ခေါ်​တော်မူခြင်းရရှိထားသည့် ဘုန်း​တော်ကြီးများနှင့် သီလရှင်များ၏ လမ်းစဥ်နှင့် ဆန့်ကျင်ဘက်ဖြစ်​နေပါတယ်။

           ဘုန်း​တော်ကြီးများနှင့် သီလရှင်များသည် Selfie ဆွဲပြီးမိမိကိုယ်ကိုယ် ​ရှေ့တန်းတင်ဖို့မဟုတ်ပါ၊ သခင်​ယေဇူးကို​ရှေ့တန်းတင်ပြီး မိမိကိုယ်​နောက်ခံအ​နေနှင့်ထားပြီး မိမိကားတိုင်ကိုထမ်းကာ သူ့​နောက်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ 

              ဒါ​ကြောင့်မို့ ​သူ​တောင်စင်​ဘောင်သို့ ​ခေါ်​တော်မူခြင်းလမ်းစဥ်ဟာ ​ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ မိမိ၏အလို​တော်ကို​ရှေ့တမ်းတင်လို့မရဘူး သူ့အလို​တော်ကိုပဲ ​ရှေ့တမ်းတင်ရမှာဖြစ်သည့်အတွက် အမြဲတမ်းတပြည့်ဖြစ်​နေရပါ​တယ်။

         ဒါ​ပေမဲ့ ဒီလမ်းစဥ်ကို ​ကောင်း​ကောင်မွန်မွန်လိုက်​သောသူများ၏ ဘ၀ဟာ အမြဲတမ်း ငြိမ်းချမ်း​နေပါတယ်၊ မိမိတို့၏ဘ၀ငြိမ်းချမ်းရုံမက မိမိတို့၏ အ​ပြောအဆို၊ အပြုအမူအားဖြင့် အခြားသူများကိုလည်းငြိမ်းချမ်းခြင်းသို့ပို့​ဆောင်​ပေး​နေတယ်ဆိုတာ အမြဲသတိရကြပါ။ 

          ဒါ​ကြောင့်မို့ မိမိတို့ရဲ့ Mission- တာ၀န်ဟာ ဒီ​လောကအတွက်သာမဟုတ်ပဲ ​လောကသားအားလုံးကို ထာ၀ရသုခ ချမ်းသာသို့ ​ခေါ်​ဆောင်ဖို့ဖြစ်တယ် ဆိုတာကို အမြဲ သတိရပြီး မိမိတို့ပြုထားသည့် ကတိသစ္စာများကို အ​ကောင်ဆုံး လိုက်နာနိုင်​အောင် ကြိုးစားကြပါ" ဟူ၍ အား​ပေးစကားမြတ်ကြား ​တော်မူခဲ့ပါသည်။

        မစ္ဆားတရားတွင် ဆရာ​တော်ကြီး (၂)ပါး၊ ဘုန်း​တော်ကြီး (၃၃)ပါး နှင့် ဘာသာတူများ (၃၀၀) ခန့်ပါ၀င်ခဲ့ပါသည်။

          မစ္ဆားတရားအပြီးတွင် အလှူရှင်များမှ ဘုရား​ကျောင်းတက်​ရောက်သူအားလုံး ​နေ့လည်စာဖြင့် ဧည့်ခံ ​ကျွေး​မွေး ခဲ့ပါသည်။

        By. JZM

Add new comment

3 + 1 =