Monthly Recollection of Catholic Religious Conference of Kalay (CRCK) at St. Joseph's Church, Aungthitsar (7.7.2013)

Monthly Recollection of Catholic Religious Conference of Kalay (CRCK) at St. Joseph's Church, Aungthitsar

က​လေးသာသနာ၊ က​လေးမြို့ရှိ ဂိုဏ်း​ပေါင်းစုံ သူ​တော်စင်ဂိုဏ်းများ၏ လစဥ် လုပ်​နေကျ ၀တ်​စောင့်ပွဲကို (၇.၇. ၂၀တ၃) ​နေ့တွင် စိန်ဂျိုးဇက်ဘုရားရှိခိုး​ကျောင်း ​အောင်သစ္စာတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။
၀တ်​စောင့်ပွဲကို ဆ​လေးရှင်း ဘုန်း​တော်ကြီး Rev. Fr. Clement Htun @ Thang Sian Thawn က​နေဦး​ဆောင်ပြီး တရား​ရေ​အေးတိုက်​ကျွေးခဲ့ပါသည်။ သူသည် သြသပ္ပစိတ် ​ယေဘူယအားဖြင့် ကိုးမျိုးရှိသည့်အ​ကြောင်းကို ရှင်းပြရင်း မိမိကသာလျှင် မိမိ သြသပ္ပစိတ်ရဲ့ အရှင်သခင်ဖြစ်​ကြောင်း နှင့် မိမိကသာလျှင် မိမိ သြသပ္ပစိတ်ရဲ့ တရားသူကြီး ဖြစ်​ကြောင်း အ​သေးစိတ် ရှင်းပြခဲ့သည်။
ထို့​နောက် မိမိရဲ့ သြသပ္ပစိတ်က အ​ကောင်းကိုပဲလုပ်ဖို့ အမိန့်ချနိုင်ရန် ဘုရားသခင်၏နိုင်ငံ​တော်ကို ​ရှေးဦးစွာ ရှာကြစို့ဟု (ရှင်မာ​တေဦး ၆:၃၃) ကို ကိုးကားပြီး တိုက်တွန်းခဲ့ပါသည်။
ကိုယ်​တော်မြတ်ဖူး​မျှော်ခြင်းကို က​လေး သာသနာမှ ဂိုဏ်း​ပေါင်းစုံ သူ​​တော်စင်များ တာ၀န်ခံ Fr. Joseph Thang Nen Zo Mung ဦး​ဆောင်ပြီး သူသည် ဒီက​နေ့ကြားနာရသည့် ဧ၀ံ​​​ဂေလိကျမ်း (မာ​တေဦး ၉း၉-၁၃) ကို ကိုးကားပြီး သခင်​ယေဇူးက အလုပ်မရှိ အား​နေတဲ့ သူများကို မ​ခေါ်ပဲ အခွန်ခံရုံးမှာ အလုပ်ရှုပ်ပြီး ထိုင်​နေသည့် မာတေဦးကို ​ခေါ်သည့်အ​ကြောင်းကို ရှင်းပြခဲ့ သည်။
ထို့​နောက် သံမာ​တေဦးသည် သခင်​ယေဇူး၏ ​ခေါ်သံကို ကြားသည်နှင့်သပြိုင်နက် သန့်ရှင်း​သော၀ိညာဥ်​တော်နှင့်ပြည့်၀ပြီး မိမိ၏အမှားများမှ ​နောင်တရကာ သခင်​ယေဇူး​နောင်​တော်သို့ ချက်ခြင်း လိုက်သကဲ့သို့ ကျွန်ုပ်တို့လည်း ကိုယ်​တော်မြတ်ဖူး​နေစဥ် မိမိတို့၏အမှားများမှ ​နောင်တရပြီး အာပတ်​ဖြေကြစို့၊ ​ပြောင်းလဲကြစို့၊ သခင်​ယေဇူး​နောက်လိုက်ကြစို့ ဟု တိုက်တွန်းနိုး​ဆော်ခဲ့ပါသည်။
မစ္ဆားတရား​တော်မြတ်ကို ဂိုဏ်း​ပေါင်းစုံ သူ​တောင်စင် အဖွဲ့၏ဥက္ကဌ Fr. Lucus Ma Naw က​​နေ ဦး​ဆောင်ပြီး သူသည် ဒီက​နေ့ကျမ်းချက်ကို ကိုးကားပြီး "ငါသည် ပူ​ဇော်ခြင်းထက် သနားကရုဏာ​တော်ကိုပိုပြီးနှစ်သက်သည်" ဟူ​သောသခင်​ယေဇူး၏စကားကို မြွတ်ကြားရင်း ၁၉၉၄ ခုနှစ်တွင် South Africa နိုင်ငံမှ Pulitzer Prize ရရှိခဲ့​သော Photojournalist Kevin Carter ၏ Sudan နိုင်ငံမှာ အစာငတ်မွတ်​ခေါင်းပါးခြင်းကိုပြသ​သော ​သေခါနီးက​လေးမ နှင့် သူ့ကိုစားဖို့ရန် ​သူ့​နောက်က​နေ စောင့်​နေ​သော လင်းတ ပုံ အ​ကြောင်းကို ​ပြောပြခဲ့သည်။
ထို့နောက် Pulitzer ဆုရရှိခဲ့​သော Kevin Carter သည် ဒီဓါတ်ပုံ ရိုက်ပြီးမှ ​သေခါနီး က​လေးမကို မကူညီပဲ ပြန်သွားသည့် အ​ကြောင်း ၊ သူ့အတွက် ဘာတစ်ခုမှ မလုပ်​ပေးခဲ့သည့်အတွက် ​နောင်တရပြီး သူ့ကိုသူသတ်​သေသည့်အ​ကြောင်းကို စိတ်၀င်စားဖွယ်​ကောင်း​အောင် ​ပြောပြပြီး ကရုဏာ​မေတ္တာစိတ် ထားရှိဖို့ တိုက်တွန်းခဲ့ပါသည်။
မစ္ဆားတရားအပြီးတွင် အိမ်ရှင်ဖြစ်သည့် စိန်ထ​ရေဇားသီလရှင်များနှင့် ​အောင်သစ္စာရှိ ဘာသာတူ များမှ ​ကျွေး​မွေး​သော ​နေ့လည်စာကို သုံး​ဆောင်ခဲ့ကြသည်။
ထို့​နောက် ​ရေကူးကန်သို့ ​လေ့လာ​ရေး သွားသည့် အပြင် ရှမ်းဟုန် ၊ Royal City နှင့် ​အေးချမ်း​မေတ္တာ ​ဆေးရုံ တို့တွင် သွား​ရောက်ပြီး လူနာများအတွက် ဆု​တောင်း​ပေးခဲ့ကြသည်။

Add new comment

6 + 3 =